Looking Back in Time: Why Distant Nebulae Require Longer Exposure
Nebulae that are farther away from Earth require longer imaging time—this is something I already explained in a previous post.
The reason is that, although the speed of light is incredibly fast, it is still limited. Because of the vast distances in space, the light coming from nebulae takes time to reach us here on Earth.
For example, the Orion Nebula is about 1,344 light-years away from Earth. This means the light we are currently seeing actually left the nebula 1,344 years ago—around the time of the Roman Empire. So, it wouldn’t be wrong to say that we are looking into the past. Even if the Orion Nebula had disappeared right now, we wouldn’t know about it for another 1,344 years, because that information (light) hasn’t reached us yet.
The farther a nebula is from Earth (in light-years), the longer exposure time is needed to capture its image. For instance, an image of the Orion Nebula that can be captured in about one hour would require at least two hours for the Rosette Nebula, and around four hours or more for the Heart Nebula.
In the images below, you can see how brightness in photos varies depending on distance. The difference in exposure time is only about 30 minutes, but the results clearly show the impact.
1. Orion Nebula, 1344 light-years, exposure time 120 minutes.....
2. Rosette Nebula, 5200 light-years, exposure time 120 minutes.....
3. Heart Nebula, 7500 light-years, exposure time 150 minutes.....
4. Pacman Nebula, 9200 light-years, exposure time 60 minutes…..
Nebula တွေဟာ ကျွန်တော်တို့ကမ္ဘာနဲ့ပိုဝေးလေလေ ရိုက်ကူးတယ့်အချိန်ပိုပေးရလေဆိုတာကို previous post မှာရှင်းပြခဲ့ပြီးပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ အလင်းရဲ့အရှိန်ဟာအလွန်မြန်တယ်ဆိုပေမယ့်လည်း အကန့်အသတ်ရှိတာမို့လို့ အလွန်ဝေးတယ့်အကွာအဝေးရှိတယ့် အာကာသမှာ Nebula တွေဆီကအလင်းဟာကျွန်တော်တို့ကမ္ဘာဆီရောက်ဖို့ အချိန်တခုယူရပါတယ်။ Orion Nebula ဆိုကျွန်တော်တို့ကမ္ဘာကနေအလင်းနှစ် 1344 နှစ်အကွာအဝေးမှာရှိလို့ လက်ရှိကျွန်တော်တို့မြင်နေရတယ့်အလင်းရောင်ဟာ လွန်ခဲ့တယ့်နှစ်ပေါင်း 1344 နှစ် (Roman Empire) တုန်းကလွှတ်ထုတ်ခဲ့တယ့် အလင်းရောင်ကိုမြင်နေရတာပါ။ ကျွန်တော်တို့ဟာ သူတို့ရဲ့အတိတ်ကိုကြည့်နေကြတယ်ဆိုရင်လည်း မမှားဘူးပေါ့ခင်ဗျာ။ အခုနေ Orion Nebula ပျက်သွားခဲ့မယ်ဆိုရင်တောင် အလင်းမလာတော့တယ့် information ကိုကမ္ဘာကနေ နောက်ထပ်နှစ်ပေါင်း 1344 နှစ်အထိမသိနိင်သေးပါဘူး။
Nebula တွေကို ကိုယ့်ကမ္ဘာကနေအလင်းနှစ်ပိုဝေးကွာလေ ဓာတ်ပုံရိုက်ယူရတယ့်အချိန်ပိုပေးရလေပါပဲ။ တစ်နာရီလောက်ရိုက်ရင်ရမယ့် Orion Nebula ရယ့်ပုံရိပ်မျိုးကို Rosette Nebula ကိုရိုက်ရင်အနည်းဆုံး နှစ်နာရီလောက်ရိုက်ရမှာဖြစ်ပြီး Heart Nebula ဆိုရင်တော့ အနည်းဆုံး လေးနာရီလောက်လိုမှာပါ။
အထက်ကပုံတွေမှာ အလင်းနှစ်အကွာအဝေးအပေါ်မူတည်ပြီး ဓာတ်ပုံမှာအလင်းရရှိမှုကွာခြားပုံကိုတွေ့ရမှာပါ။ Exposure time ကနာရီဝက်လောက်ပဲကွာခြားတာပါ.....