Why Longer Integration Time Matters in Astrophotography
These were captured using the same camera and the same telescope. The only difference is the total exposure time. The image on the left was captured over four hours, while the one on the right was captured over two hours. The difference you can notice is that the four-hour image has much better detail. If you can capture around ten hours, the result will be even better. You also don’t need to shoot all ten hours in a single night — you can split it across two or three nights. The important thing is that all the settings must remain exactly the same every night; otherwise, problems can occur during image stacking.
My galaxy photos do not contain those red spots because I didn’t use any filters while shooting. In some galaxy images, the red-colored spots appear because the photographer captured additional data separately using an H-alpha filter and then combined it with the main image. Those red regions definitely make the final image look more attractive. For now, though, I personally prefer capturing the galaxy’s natural colors and details, so I shoot without using any filters.
Captured by same camera, same scope ပါ။ တစ်ခုပဲ ရိုက်ကူးတယ့်ကြာချိန်ကတော့မတူပါဘူး။ ဘယ်ဖက်ကပုံက လေးနာရီကြာပြီး ညာဖက်ကပုံကတော့ နှစ်နာရီပါ။ ဘာတွေကွာခြားသွားသလဲဆိုတော့ လေးနာရီကြာရိုက်ထားတယ့်ပုံက detail ပိုကောင်းတာကိုတွေ့ရမှာပါ။ ဆယ်နာရီလောက်ရိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။ ဆယ်နာရီကိုလည်းတစ်ရက်ထဲရိုက်စရာမလိုပါဘူး နှစ်ရက် သို့မဟုတ် သုံးရက်ခွဲရိုက်လို့ရပါတယ်။ တစ်ခုပဲ setting အားလုံးကတော့ နေ့တိုင်းအတူတူပဲဖြစ်ရပါမယ် မဟုတ်ရင် image stacking လုပ်တယ့်အခါပြဿနာတက်မှာပါခင်ဗျ။
ကျွန်တော်ရိုက်တယ့် galaxy ပုံတွေမှာ အနီရောင် spot တွေတော့မပါပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဘာ filter မှခံပြီးမရိုက်ထားလို့ပါပဲခင်ဗျ။ တစ်ချို့ galaxy ပုံတွေမှာအနီရောင်ကာလာ spot တွေပါတာက H-alpha filter နဲ့သပ်သပ်ထပ်ရိုက်ပြီးပေါင်းထားလို့ပါ။ အနီရောင်အကွက်တွေပါတယ့်အတွက် ပုံထွက်တွေမှာကြည့်လို့တော့ပိုကောင်းပါတယ်။ ကျွန်တော်ကတော့လောလောဆယ်မှာ galaxy ရဲ့သဘာဝအရောင်နဲ့ detail ကိုပိုလိုချင်တယ့်အတွက် ဘာ filter မှမသုံးပဲရိုက်ထားတာပါခင်ဗျ.....